လူသားချင်းစာနာမှု အကူအညီပေးရန် ဆွေးနွေး
လူသားချင်းစာနာထောက်ထားမှုနှင့်ဒေသဖွံ့ဖြိုးမှုအကူအညီတွေပေးနိုင်ဖို့အတွက် ဩဂုတ်လ(၂၃)ရက်က အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့သိရပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲကိုတော့ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ပြုလုပ်ခဲ့ကြတာပါ။ တွေ့ဆုံရာမှာတော့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ ...