ချက်ပြုတ်ထားသောအစားအစာများ လှူဒါန်းခြင်းမပြုရန် တိုက်တွန်းနှိုးဆော်
လက်ရှိမှာဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ခေတ္တလာရောက်နေထိုင်သူတွေကိုလှူဒါန်းကြတဲ့အလှူရှင်တွေအနေနဲ့ ချက်ပြုတ်ထားတဲ့အစားအစာတွေကိုလှူဒါန်းတာတွေမပြုလုပ်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကထုတ်ပြန်ထားပါတယ်၊၊ ပတ်ဝန်းကျင်ရာသီဥတုအခြေအနေတွေအရ အလှူရှင်တွေကပြင်ဆင်ချက်ပြုတ်လာတဲ့ အစားအသောက်တွေကို ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားစဉ် အစာအဆိပ်သင့်ဖြစ်ပွားစေတဲ့ ရောဂါတွေပေါက်ပွားရှင်သန်စေမှုဖြစ်စေနိုင်တာနဲ့ စားသုံးဖို့မသင့်တဲ့အခြေအနေတွေကို ရောက်ရှိစေနိုင်တယ်လို့ဆိုပါတယ်၊၊ အဲဒီအစားအသောက်တွေကိုစားသောက်မိရင် အော့အန်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာစတဲ့ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲရောဂါတွေဖြစ်ပေါ်နေမှုတွေကြောင့် ...