ကင်ဆာရောဂါကုသစက် သုံးလုံးဖြင့် တိုးမြင့်ကုသပေးမည်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာနမှာ ကျပ် ၃၂ ဘီလီယံခွဲ တန်ဖိုးရှိတဲ့ ဓာတ်ရောင်ခြည် ကင်ဆာရောဂါကုသစက် သုံးလုံးကို စတင်အသုံးပြုနေပြီး တစ်ရက်ကို လူနာ ၄၀၀ လောက်အထိ တိုးမြင့် ကုသပေးနိုင်မှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။ ...