အစ္စရေးသို့ သွားသည့် အမေရိကန်လေကြောင်းလိုင်းများ ၂၀၂၅ ခုနှစ်အထိ ရပ်နား
အစ္စရေးနိုင်ငံကို ပျံသန်းပြေးဆွဲတဲ့ အမေရိကန်လေကြောင်းလိုင်းအားလုံးကို လာမဲ့ ၂၀၂၅ ခုနှစ် ဧပြီလအထိ ဖျက်သိမ်းလိုက်ကြောင်း အစ္စရေးမီဒီယာတွေက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။ ဂါဇာဒေသမှာ အစ္စရေးက ထိုးစစ်ဆင်မှုတွေ ဆက်လုပ်နေချိန်မှာ အခုလို အမေရိကန်လေကြောင်းလိုင်းခရီးစဉ်တွေ ဖျက်သိမ်းမှု ထွက်ပေါ် လာတာပါ။ ...