အမေရိကန် နည်းပြဖြစ်ရန် ပိုချက်တီနို နီးစပ်
ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြပိုချက်တီနိုဟာ အမေရိကန်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းကို ကိုင်တွယ်ဖို့အတွက် နီးစပ်နေပြီဖြစ်တယ်လို့ ဩဂုတ်လ(၁၅)ရက်နေ့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့(၂၀၂၄)ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပေမယ့် အုပ်စုအဆင့်မှာတင် ထွက်ခွာခဲ့ရပြီးနောက် နည်းပြဘာဟယ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့တဲ့ ...