အပူပိုင်းမုန်တိုင်းငယ် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသသို့ ဖြတ်ကျော်ဝင်ရောက်နိုင်
တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ အနောက်-အနောက်တောင်ဘက်ကို ရွေ့လျားနိုင်ပြီး အပူပိုင်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ကာ စက်တင်ဘာ(၁၉)ရက်ညပိုင်းမှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်တယ်လို့ စက်တင်ဘာလ ၁၉ ရက် မနက်(၇)နာရီအချိန်မှာထုတ်ပြန်ထားပါတယ်။ အခုအချိန်မှာ အပူပိုင်းမုန်တိုင်းငယ်ဟာ ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသတွေကို ဖြတ်ကျော်မှုမရှိသေးတာကြောင့် ခန့်မှန်းချက်တွေအားလုံးဟာ တိုင်းထွာတဲ့အချိန် အသုံးပြုတဲ့ဒေတာနဲ့ ...