သရေကျခဲ့၍ အန်ဆလော့တီ စိတ်ပျက်
ဩဂုတ်လ(၁၈)ရက်နေ့ညက ကစားခဲ့တဲ့ မာယော့ကာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ သရေရလဒ်သာ ရခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ မာယော့ကာအသင်းကို ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ချေပဂိုးပြန်ပေးခဲ့ရသလို အသင်းအတွက် လိုအပ်နေတဲ့ ဂိုးတွေကို မသွင်းယူနိုင်ခဲ့တာကြောင့် သရေကျခဲ့တာပါ။ ...