ရေဘေးအတွက် အနုပညာရှင်လှူဒါန်းမှု များပြားလာ
တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ မိုးသည်းထန်စွာရွာသွန်းတာ၊ ချောင်းရေမြစ်ရေမြင့်တက်တာနဲ့ တောင်ကျရေ စီးဆင်းတာတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားရာမှာ ပြည်သူအများအပြားရေဘေးသင့်နေကြရပြီး အဲဒီရေဘေးသင့်ပြည်သူတွေအတွက် အနုပညာရှင်တွေရဲ့လှူဒါန်းမှုတွေလည်း များပြားလာပါတယ်။ လတ်တလောရေဘေးကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက်အနုပညာရှင်တွေဖြစ်တဲ့ နေတိုး၊ ပိုင်တံခွန်၊ ဂျွန်လွင်၊ စိုင်းစိုင်းခမ်းလှိုင်၊ နေမျိုးဆက်၊ ခိုင်နှင်းဝေ၊ ဝတ်မှုန်ရွှေရည်၊ ချောရတနာ၊ ...