လေပွေလှိုင်းကြောင့် မိုးကြီးပြီး လေပြင်းတိုက်နိုင်
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ အနောက်မြောက်ပိုင်းဒေသတွေမှာဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းအရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမိုးကြီးတာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စက်တင်ဘာလ ၁၂ ရက် မနက်ပိုင်းထုတ်ပြန်တဲ့ အထူးမိုးလေဝသထုတ်ပြန်ချက်အရသိရပါတယ်၊၊ လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာ ဆက်လက်တည်ရှိနိုင်ပြီး နောက်(၃၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနဲ့ ဆက်စပ်နေတဲ့ ...