မန္တလေး၌ အဆောက်အဦပြိုကျမှု (၅)ဦးဒဏ်ရာရ
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာ စက်တင်ဘာ(၂၄)ရက် မနက်အစောပိုင်းက အဆောက်အဦပြိုကျမှုဖြစ်ပွားပြီး လူ(၅)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။ ဖြစ်စဉ်မှာ စက်တင်ဘာ(၂၄)ရက် မနက်အစောပိုင်း(၂)နာရီ(၅)မိနစ်အချိန်လောက်က အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ လမ်း၂၀ ၊ ၈၆-၈၇လမ်းကြားမှာ အဆောက်အဦပြိုကျမှု ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ အခင်းဖြစ်နေရာကို အောင်မြေသာစံမြို့နယ်မီးသတ်စခန်းက အုပ်ချုပ်မှုယာဉ်(၁)စီး၊ ...