ရေဘေးသင့်ဒေသက မိုဘိုင်းဖုန်းသုံးစွဲသူများကို အခမဲ့ လှူဒါန်း
ရေဘေးသင့်ဒေသတွေက မိုဘိုင်းဖုန်းသုံးစွဲသူတွေအတွက် အခမဲ့ဖုန်းပြောဆိုခွင့်နဲ့ စာတို (SMS) ပေးပို့ခွင့်တွေကို ဖုန်းအော်ပရေတာတွေက အခမဲ့ပေးအပ်လှူဒါန်းထားတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ရာဂီမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာပြီး မြစ်ရေကြီးတဲ့အတွက် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် ဒေသတွေက မိုဘိုင်းဖုန်းသုံးစွဲသူပြည်သူတွေ အဆင်ပြေ ချောမွေ့စေဖို့ ကူညီပံ့ပိုးဆောင်ရွက်ပေးတာဖြစ်တယ်လို့ဆိုပါတယ်။ ...