တောမီးအတွင်း ဟောလိဝုဒ်နာမည်ကျော်များ၏နေအိမ်များ မီးသင့်
လော့စ်အိန်ဂျယ်လိစ်ဧရိယာမှာ လက်ရှိလောင်ကျွမ်းနေတဲ့ တောမီးအတွင်း ပဲရစ်ဟီလ်တန်အပါအဝင် ဟောလိဝုဒ် နာမည်ကျော်တွေရဲ့ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြလာပါတယ်။ မလီဘူးမှာရှိတဲ့ သူ့ရဲ့နေအိမ် မီးလောင်သွားတာကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ တီဗီသတင်းမှာ တွေ့ခဲ့ရကြောင်း ဟီလ်တန်က အင်စတာဂရမ်မှာ ပို့စ်တင်ထားပါတယ်။ ...