အိမ်ရှင်မနှင့်ကုန်ဈေးနှုန်း
မြန်မာလူမျိုးတွေအတွက်အိမ်တစ်အိမ်ရဲ့အရေးကြီးဆုံးက မီးဖိုချောင်ပါ။ မီးဖိုချောင်နဲ့ အများဆုံးပတ်သက်ဆက်နွယ်နေရတဲ့သူတွေကတော့ အိမ်ရှင်မတွေပါပဲ ။ အိမ်ရှင်မလို့ဆိုလိုက်တာနဲ့ ကလေးထိန်းရင်းအိမ်မှုကိစ္စတွေလုပ်ပြီး ခင်ပွန်းသည်ရှာဖွေပေးတဲ့ငွေကို စီးတဲ့ရေဆည်တဲ့ ကန်သင်း အတတ်နိုင်ဆုံးဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်နေတဲ့ အိမ်ရှင်မတွေလည်းရှိပါတယ်။ အိမ်ထောင်ဦးစီး တစ်ယောက် အလုပ်လုပ်ရင် တစ်အိမ်လုံးထိုင်စားလို့ရခဲ့တဲ့ခေတ်တွေရှိခဲ့ပေမယ့် ခုကာလဟာ အိမ်ရှိလူကုန် ...