သီးနှံအာမခံလျော်ကြေး ကျပ် ၁၂ ဘီလီယံကျော်ပေးမည်
ဒေသတချို့မှာ စပါးခင်းတွေရေကြီးနစ်မြုပ်တာတွေကြောင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းမှာထားရှိတဲ့ ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံအတွက် လျော်ကြေးငွေကျပ် ၁၂ ဘီလီယံကျော် ပေးလျော်သွားမယ်လို့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကပြောပါတယ်။ စက်တင်ဘာ ၁၁ ရက်ကကျင်းပတဲ့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးဝင်းရှိန်က အခုလိုပြောကြားလိုက်တာပါ။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ...