ဝန်ကြီးများရုံး၌ သီတင်းကျွတ်ဈေးပွဲတော် ကျင်းပမည်
သီတင်းကျွတ်ဈေးပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးမှာကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်စီစဉ်ဆောင်ရွက်နေတဲ့ စီစဉ်သူတွေထံကနေသိရပါတယ်။ အဲဒီဈေးပွဲတော်မှာ စားသောက်ကုန်၊ လူသုံးကုန်နဲ့အထွေထွေကုန်စည်မျိုးစုံကို ပြသရောင်းချမယ့်ဆိုင်ခန်းပေါင်း(၁၀၀) ကျော်ကို ဖွင့်လှစ်ရောင်းချသွားဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။ သီတင်းကျွတ်ဈေးပွဲတော်ကိုကျင်းပပြုလုပ်ဖို့ အချိန်လိုသေးတာကြောင့် ဆိုင်ခန်းအရေအတွက်နဲ့ ...