Everytime Everywhere Everyone

ဗုဒ္ဓဟူး, ဧပြီ 30, 2025

Tag: သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ရွှေနတ်တောင်ကာကွယ်တော အပိုင်း(၁)နှင့်(၂)သတ်မှတ်

ရွှေနတ်တောင်ကာကွယ်တော အပိုင်း(၁)နှင့်(၂)သတ်မှတ်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၃၃၀ ဧကရှိတဲ့ နယ်မြေနဲ့ဧရိယာအကျယ်အဝန်း ဧက ၃၀ ရှိတဲ့နယ်မြေကို “ရွှေနတ်တောင် ကြိုးပြင်ကာကွယ်တောအပိုင်း(၁)နဲ့(၂)” အဖြစ်သတ်မှတ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အပူပိုင်းဒေသရဲ့ သဘာဝတောကျန်တွေကိုထိန်းသိမ်းတာကြောင့် ပတ်ဝန်းကျင်ဒေသကို အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကိုကာကွယ်ဖို့၊ ရာသီဥတုသာယာမျှတစေပြီး ...

ကြိုးပြင်ကာကွယ်တော (၃)ခုသတ်မှတ်

ကြိုးပြင်ကာကွယ်တော (၃)ခုသတ်မှတ်

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာရှိတဲ့ နေရာ(၃)ခုမှာ ကြိုးပြင်ကာကွယ်တော(၃)ခု သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေသိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း  ၄၁၀ ဧက ရှိတဲ့နယ်မြေကို “ရွှေဆံတော်ကြိုးပြင်ကာကွယ်တော” အဖြစ် စက်တင်ဘာလ (၆) ရက်နေ့က သတ်မှတ်လိုက်တယ်လို့ဆိုပါတယ်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ...

ကျုံကပြင်-တက်ဆိပ်နယ်မြေ၌ ငှက်မျိုးစိတ်(၁၆၀)ကို မှတ်တမ်းတင်နိုင်ခဲ့

ကျုံကပြင်-တက်ဆိပ်နယ်မြေ၌ ငှက်မျိုးစိတ်(၁၆၀)ကို မှတ်တမ်းတင်နိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိမ်းသိမ်းရေးနယ်မြေမှာ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များအပါအဝင် ငှက်မျိုးစိတ်ပေါင်း(၁၆၀)ကို မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေသိရပါတယ်။ အဲဒီငှက်မျိုးစိတ်တွေကိုထိန်းသိမ်းဖို့အတွက် လေ့လာမှတ်တမ်းတင်တာတွေကိုလစဉ်လတိုင်းဆောင်ရွက်နေပြီး ၂၀၂၄ခုနှစ်ဩဂုတ်လအထိ စာရင်းကောက်ယူထားတဲ့မှတ်တမ်းတွေအရ ငှက်မျိုးစိတ်(၁၆၀)ကို မှတ်တမ်းတင်ထားနိုင်တယ်လို့ဆိုပါတယ်။ မှတ်တမ်းတင်ထားနိုင်တဲ့ ငှက်မျိုးစိတ်တွေထဲမှာ ကြိုးကြာခေါင်းနီငှက်၊ စာဝါကျားငှက်၊ ကိုင်းစွေ့ငှက်၊ ခရုတုတ်ငှက်စတဲ့ငှက်မျိုးတွေပါဝင်တယ်လို့သိရပါတယ်။ ...

လေထုညစ်ညမ်းမှုကြောင့် သီးနှံထွက်နှုန်း လျော့နိုင်

လေထုညစ်ညမ်းမှုကြောင့် သီးနှံထွက်နှုန်း လျော့နိုင်

လေထုညစ်ညမ်းမှုကြောင့် လူသားတို့ရဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် လေထုညစ်ညမ်းမှုကြောင့် ရာသီဥတုပြောင်းလဲမှုဆိုးဝါးစေပြီး စိုက်ပျိုးသီးနှံထွက်နှုန်းတွေကျဆင်းလာတာ၊ သီးနှံတွေရဲ့ကြီးထွားနှုန်းလျော့နည်းလာတာနဲ့ အာဟာရဖြစ်မှုတန်ဖိုးလျော့ကျစေနိုင်တာတွေဖြစ်ပွားနိုင်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီကပြောပါတယ်။ စက်တင်ဘာ(၆)ရက်မနက်ပိုင်းက နေပြည်တော်ရှိပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှာကျင်းပတဲ့၂၀၂၄ ခုနှစ်၊ ပဥ္စမအကြိမ်မြောက်အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အခမ်းအနားမှာအခုလိုပြောကြားခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်နိုင်ဖို့၊ကျန်းမာရေးနဲ့ ညီညွတ်တဲ့လေထုအရည်အသွေးတွေရှိတဲ့ပတ်ဝန်းကျင်ရရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လေထုအရည်အသွေးစံချိန်စံညွှန်းတွေရေးဆွဲထုတ်ပြန်နိုင်ရေး ...

စက်သုံးဆီအရောင်းဆိုင်များ သိုလှောင်နိုင်မှုတိုးမြှင့်သတ်မှတ်

စက်သုံးဆီအရောင်းဆိုင်များ သိုလှောင်နိုင်မှုတိုးမြှင့်သတ်မှတ်

စက်သုံးဆီအရောင်းဆိုင်တွေမှာ သိုလှောင်နိုင်တဲ့ပမာဏကို အရင်က အများဆုံးဂါလန် ၇၆၈၀၀ အထိသာ ခွင့်ပြုရာမှာ အခု ဂါလန် ၇၆၈၀၀ ကျော်နဲ့အထက် စတင်သိုလှောင်ဖို့တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ပါတယ်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၄၂၊ ပုဒ်မခွဲ ...

စက်ဆုံးဆီအရောင်းဆိုင်များ သိုလှောင်နိုင်မှုတိုးမြှင့်သတ်မှတ်

စက်ဆုံးဆီအရောင်းဆိုင်များ သိုလှောင်နိုင်မှုတိုးမြှင့်သတ်မှတ်

စက်သုံးဆီအရောင်းဆိုင်တွေမှာ သိုလှောင်နိုင်တဲ့ပမာဏကို အရင်က အများဆုံးဂါလန် ၇၆၈၀၀ အထိသာ ခွင့်ပြုခဲ့ရာမှာ အခု ဂါလန် ၇၆၈၀၀ ကျော်နဲ့အထက် စတင်သိုလှောင်ဖို့ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ပါတယ်။ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ...

EV စွန့်ပစ်ဘက်ထရီများ တင်သွင်းမှုမလုပ်ရန် တားမြစ်

EV စွန့်ပစ်ဘက်ထရီများ တင်သွင်းမှုမလုပ်ရန် တားမြစ်

လျှပ်စစ်သုံးယာဉ် စွန့်ပစ်ဘက်ထရီတွေနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေကို တင်သွင်းတာမပြုလုပ်ဖို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ထားပါတယ်။ စွန့်ပစ်ဘက်ထရီတွေနဲ့ အခြားစွန့်ပစ်ပစ္စည်းတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေဖို့နဲ့ သက်ရှိသတ္တဝါတို့ရဲ့ ကျန်းမာ ရေးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေမရှိစေဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၄၂ ၊ ပုဒ်မခွဲ(ခ)အရ အခုလို ညွှန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ...

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?