အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းမည်ဟု မှန်းဆမှု မရှိခဲ့
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုတွေနဲ့ပတ်သက်ပြီး သတိပေးထုတ်ပြန်မှုတွေဆောင်ရွက်ခဲ့ပေမယ့် အခုအတိုင်းအတာအထိ အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းမယ်လို့ မှန်းဆမှုမရှိခဲ့ကြောင်း နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။ စက်တင်ဘာ ၁၇ ရက်ကကျင်းပပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ သဘာဝဘေးအန္တရာယ်ဟာ ရှောင်လွှဲလို့မရပေမယ့် တတ်နိုင်သမျှထိခိုက်မှုလျော့နည်းအောင်နဲ့ အမြန်ပြန်လည် ထူထောင်ရေးဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။ ...