သဘာဝဘေးကျရောက်မှုက အဓိကစိန်ခေါ်မှုဖြစ်နေ
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့ဆောင်ရွက်ရာမှာ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ကျ ရောက်မှုတွေက အဓိကစိန်ခေါ်မှုဖြစ်နေတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောပါတယ်။ ဇွန်လ(၂၆)ရက် မနက်ပိုင်းက နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ...