သပိတ်ကျင်းမြို့အနီး ငလျင်လှုပ်ရှား
ကန့်ဘလူမြေငလျင်စခန်းကနေ အရှေ့တောင်ဘက် (၃၅)မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း၊ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့အနီးမှာ အောက်တိုဘာ(၁၁)ရက် မနက်(၁၁)နာရီ (၁၀)မိနစ် (၅၆)စက္ကန့်အချိန်လောက်က အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ရှားသွားတယ်လို့ သိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မြန်မာစံတော်ချိန် မနက်(၁၁)နာရီခွဲအချိန်ထုတ်ပြန်တဲ့ မြေငလျင်သတင်း ထုတ်ပြန်ချက်မှာ အခုလိုပါရှိတာပါ။ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြုပြီး ...