အင်အား ၄၀၀၀၀ ကျော်ဖြင့် သန်းခေါင်စာရင်းကောက်မည်
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရာမှာ စာရင်းစစ်၊ စာရင်းကောက် လေးသောင်းနှစ်ထောင်လောက်နဲ့ ကောက်ယူဆောင်ရွက်သွားမယ်လို့ ဗဟိုသန်းခေါင်းစာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကပြောပါတယ်။ ဩဂုတ် ၂၁ ရက်က နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှာကျင်းပတဲ့ ၂၀၂၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆိုင်ရာ ရုပ်မြင်သံကြားဉာဏ်စမ်းပဟေဠိပြိုင်ပွဲမှာ ပြောကြားခဲ့တာပါ။ ...