တိုင်းရင်းသားဈေးပွဲတော်နှင့် သနပ်ခါးဈေးပွဲတော်ကျင်းပ
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ တိုင်းရင်းသားဈေးပွဲတော်နဲ့သနပ်ခါးဈေးပွဲတော်ကို ဖေဖော်ဝါရီလ(၁၁)ရက်ကနေ ၁၃ရက်အထိ ရန်ကုန်မြို့၊အင်းလျားလမ်းက စိမ်းလမ်းစိုပြေဥယျာဥ်မှာကျင်းပနေပါတယ်။ဒီပွဲတော်ကို မနက်(၁၀)နာရီကနေည(၉)နာရီအထိဖွင့်လှစ်သွားမှာဖြစ်ပြီးဝင်ကြေးအခမဲ့ဖြစ်တယ်လို့သိရပါတယ်။ ပွဲတော်ကျင်းပရတာက မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုအခြေခံပြီး တိုင်းရင်းသားတွေရဲ့ဓလေ့ထုံးစံတွေကို သိရှိစေဖို့ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။တိုင်းရင်းသားဈေးပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလာတာဖြစ်ပြီး ဒီနှစ်မှာတော့ သနပ်ခါးလိမ်းခြယ်တဲ့ ဓလေ့ကို ယူနက်စကို တင်သွင်းတဲ့အခါ အထောက်အကူဖြစ်စေဖို့အတွက်သနပ်ခါးဈေးပွဲတော်ကိုလည်း ထည့်သွင်းကျင်းပတာဖြစ်တယ်လို့သိရပါတယ်။ ...