သင်္ဘောသားများကို ဖွံဖြိုးရေးစီမံကိန်းတစ်ခုပံ့ပိုးပေးမည်
အိန္ဒိယအစိုးရကမြန်မာနိုင်ငံရှိသင်္ဘောသားတွေအတွက်စွမ်းရည်မြှင့်တင်ရေးနဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဖွံဖြိုးတိုးတက်စေဖို့ရည်ရွယ်ပြီးအသေးစားဖွံဖြိုးရေးစီမံကိန်း(SDP)တစ်ခုပံ့ပိုးကူညီသွားမယ်လို့အိန္ဒိယသံရုံးကသိရပါတယ်။စီမံကိန်းအတွက်နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးတာကိုလည်းဇွန်လ(၂၇)ရက်နေ့ကပြုလုပ်ခဲ့ပြီးအိန္ဒိယသံအမတ်ကြီးAbhayThakurနဲ့ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ရေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်တို့ကလက်မှတ်ရေးထိုးခဲ့ကြတယ်လိုဆိုပါတယ်။ အခုပံ့ပိုးပေးမဲ့စီမံကိန်းမှာရန်ကုန်မြိုရှိသင်္ဘောသားတွေအတွက်Simulator-based trainingcenter တည်ဆောက်ဖိုနဲ့လေ့ကျင့်ရေးအတွက်နောက်ဆုံးပေါ်အဆင့်မြင့်ဒစ်ဂျစ်တယ်စနစ်ပါSimulatorsတွေတပ်ဆင်နိုင်ဖို့ငွေကြေးဆိုင်ရာပံ့ပိုးပေးမှုတွေပါဝင်မှာဖြစ်ပြီးစီမံကိန်းကိုအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။အိန္ဒိယအစိုးရအနေနဲ့မြန်မာနိုင်ငံအတွင်းမှာအသေးစားဖွံဖြိုးရေးစီမံကိန်းတွေ(SDP)ဆောင်ရွက်ဖို့အတွက်အိန္ဒိယအစိုးရရဲ့ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှုစာချွန်လွှာ(MOU)ကိုပြီးခဲ့တဲ့၂၀၁၀ခုနှစ်၊ဇူလိုင်လမှာပထမဆုံးအကြိမ်လက်မှတ်ရေးထိုးခဲ့ပြီး၂၀၃၀ခုနှစ်ဇူလိုင်အထိသက်တမ်းရှိနေမှာဖြစ်တယ်လို့သိရပါတယ်။ အိန္ဒိယအစိုးရမှအသေးစားဖွံဖြိုးရေးစီမံကိန်းပူးပေါင်းဆောင်ရွက်မှုအဖြစ်စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြိုမှာရှိတဲ့ကုတင်၅၀၀ဆံ့ဆေးရုံ၊ရခိုင်ပြည်နယ်အတွက်ကွန်ပျုတာတွေနဲ့စိုက်ပျိုးရေးစက်ကိရိယာတွေထောက်ပံ့တာတွေ၊အခြားပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့HomeScienceကျောင်းတွေပံ့ပိုးပေးတာတွေကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။အိန္ဒိယအစိုးရအနေနဲ့လူမှုအသိုက်အဝန်းတွေအကျိုးသက်ရောက်မှုများစွာဖြစ်စေတဲ့ဖွံဖြိုးတိုးတက်မှုဆိုင်ရာအခြေခံအဆောက်အအုံတွေတည်ဆောက်ဖို့အတွက်စီမံကိန်းတစ်ခုကိုအမေရိကန်ဒေါ်လာ၂သန်းအထိပံ့ပိုးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။