ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးနေ
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV)ကို စက်တင်ဘာလ(၂၂) ရက်ကစတင်ပြီး အောက်တိုဘာလ(၃)ရက်နေ့အထိ တိုက်ကျွေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။ အဲဒီဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးကို အသက်(၁)နှစ်အထက်ရှိပြည်သူတွေကို တိုက်ကျွေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ ကာကွယ်ဆေးတိုက်ကျွေးတဲ့အခါမှာလည်း ဦးတည်အုပ်စုတွေအနေနဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အမြင့်ဆုံးဖြစ်ပွားခဲ့တဲ့ မြို့နယ်(၃၅)မြို့နယ်ရှိ ရောဂါဖြစ်ပွားခဲ့မှုနဲ့ ရောဂါဖြစ်ပွားနိုင်ချေများတဲ့နေရာတွေမှာ တိုက်ကျွေးမယ်လို့သိရပါတယ်။ ကျူးကျော်ရပ်ကွက်တွေ၊ ...