မိုးရာသီတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ သတိထားရမည်
မကြာမီအချိန်ကာလမှာ မိုးရာသီရောက်ရှိတော့မှာဖြစ်တဲ့အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတွေ မဖြစ်ပွားစေဖို့အတွက် သတိထားဖို့လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဟာ မသန့်ရှင်းတဲ့ရေနဲ့ မသန့်ရှင်းတဲ့အစားအစာတွေ စားသောက်မိရာကနေ ကူးစက်နိုင်ပြီး မိုးဦးကျကာလနဲ့ မိုးအကုန်ဆောင်းအကူးကာလတွေမှာ အဖြစ်များတယ်လို့ဆိုပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားရင် အရည်ဝမ်းသွားတာ၊ ငါးညှီနံ့နံတဲ့ဆန်ဆေးရည်လိုဝမ်းသွားတာ၊ အော့အန်တာနဲ့ နှလုံးခုန်နှုန်းမြန်တာ၊ ...