လယ်ဝေးတွင် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနေ
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုတွေကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရာ (၂)ပတ်အတွင်းလျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေသိရပါတယ်။ ဓာတ်အားပြတ်တောက်သွားတဲ့ကျေးရွာတွေကို ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရေးအတွက် စက်တင်ဘာ ၁၆ ရက်ကစပြီး လုပ်ငန်းတွေဆောင်ရွက်ခဲ့ကြတာပါ။ စက်တင်ဘာ(၂၆)ရက်မှာ ကျေးရွာ(၁၃)ရွာကို လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့တာဖြစ်တယ်လို့ သာဝတ္ထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကနေသိရပါတယ်။ လျှပ်စစ်ဓာတ်အားပြန်လည်ရရှိတဲ့ကျေးရွာတွေကတော့ လယ်ဝေးမြို့နယ်အတွင်းက ...