လျှပ်စစ်ဓာတ်အားခနှုန်းထား တိုးမြှင့်သတ်မှတ်
လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဩဂုတ် ၃၀ ရက်မှာအသိပေးကြေညာချက်ထုတ်ပြန်ပါတယ်။ လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူတွေကို တည်ငြိမ်တဲ့လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ရာမှာ ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်မြင့်မားလာတဲ့အတွက် ဓာတ်အားခနှုန်းထားတွေကို ပြင်ဆင်သတ်မှတ်ဖို့လိုအပ်တာဖြစ်တယ်လို့ဆိုပါတယ်။ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ဖို့ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြခဲ့ရာ ၂၀၂၄ ခုနှစ် ဇူလိုင် ၅ ရက်မှာကျင်းပပြုလုပ်တဲ့ ...