ရာသီအဖွင့်ပွဲစဉ်၌ ချန်ပီယံလေဗာကူဆင် အနိုင်ရ
ဩဂုတ်လ(၂၃)ရက်နေ့ ညက ကစားခဲ့တဲ့ ဘွန်ဒက်လီဂါအဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ လေဗာကူဆင်အသင်းက မိုချန်ဂလာဘတ်အသင်းကို (၃)ဂိုး၊ (၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ လေဗာကူဆင်အသင်းဟာ ပွဲချိန်မိနစ်(၉၀)အထိ သရေကျခဲ့ပေမယ့် အချိန်ပိုမှာသွင်းယူခဲ့တဲ့ ဖလိုရီယန်ဝှစ်ခ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ရာသီအဖွင့်ပွဲစဉ်ကို အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့တာပါ။ မိုချန်ဂလာဘတ်အသင်းရဲ့ အိမ်ကွင်းဖြစ်တာကြောင့် ...