ကင်ညာနိုင်ငံ ညဲရီမြို့တွင် လုယက်မှုများဖြစ်ပွား
ကင်ညာအစိုးရရဲ့ အခွန်တိုးကောက်မဲ့အစီအစဉ်ကို ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ မြို့ကြီးတချို့မှာ ဖြစ်ပေါ်နေရာ အင်္ဂါနေ့က ညဲရီမြို့မှာ လုယက်မှုအချို့ ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံမီဒီယာတစ်ခုက တင်ပြတဲ့ မြင်ကွင်းတွေမှာ လူအုပ်တစ်အုပ်ဟာ ပျက်စီးသွားတဲ့ အဆောက်အဦတစ်ခုထဲ ဝင်ရောက်ပြီး မွေ့ရာတွေနဲ့ တခြားပစ္စည်းတွေကို ယူငင်နေတာကို တွေ့ရပါတယ်။ ...