ရှေးဟောင်းရွှေထည်များ ထုခွဲရောင်းချသူသုံးဦးကို ဖမ်းဆီး
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက တူးဖော်ရရှိတဲ့ ရှေးဟောင်းရွှေထည်ပစ္စည်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ မအပ်နှံဘဲ ထုခွဲရောင်းချသူ အမျိုးသားသုံးယောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က ...