အမေရိကန် တရားရေးအရာရှိများ အလုပ်မှ ထုတ်ပယ်ခံရ
ဒေါ်နယ်ထရမ့်အပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်ခဲ့တဲ့ တာဝန်ရှိသူ တစ်ဒါဇင်ကျော်ဟာ အလုပ်ကနေ ထုတ်ပယ်ခံရလိုက်ရပါတယ်။ ယာယီ ရှေ့နေချုပ် ဂျိမ်းစ် မက်ဟင်နရီ က အဲဒီတာဝန်ရှိသူတွေဟာ ထရမ့်ရဲ့ လုပ်ငန်းအစီအစဉ်တွေကို သစ္စာရှိရှိအကောင်အထည်ဖော်မဲ့သူတွေလို့ ယုံကြည်စိတ်ချလို့မရဘူးလို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ ...