ရွှေဘောလုံးဆု ဆန်ခါတင်စာရင်း ထုတ်ပြန်
(၂၀၂၄)ခုနှစ်ရဲ့ရွှေဘောလုံးဆုအတွက် ဆန်ခါတင်အယောက်(၃၀)စာရင်းကို စက်တင်ဘာလ(၄)ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ အခုရွှေဘောလုံးဆု ဆန်ခါတင်စာရင်းမှာ မက်ဆီ၊ ရော်နယ်ဒိုတို့နှစ်ယောက်လုံး မပါဝင်တဲ့ (၂၀၀၃)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်စာရင်းလည်း ဖြစ်လာပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူးမက်ဆီဟာ (၂၀၂၄)ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ပေမယ့် ရွှေဘောလုံးဆု ဆန်ခါတင်စာရင်းမှာတော့ မပါဝင်တာကို ...