ရွှေတိဂုံ၌ အနေကဇာတင်အခမ်းအနား ကျင်းပမည်
ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ဗုဒ္ဓါဘိသေကအနေကဇာတင်နဲ့ရေစက်ချအလှူမင်္ဂလာအခမ်းအနားကို မေ(၁၅)ရက် မနက်(၇)နာရီခွဲအချိန်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။အခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်မြောက်ဘက် ရာဟုထောင့် အောင်မြေနေရာမှာရှိတဲ့ မင်္ဂလာမဏ္ဍပ် အတွင်း ပြုလုပ်သွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ဂေါပကအဖွဲ့ကနေ သိရပါတယ်။ ၂၀၂၄-၂၀၂၅ ခုနှစ်ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်တဲ့လုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာ(၁၈)ရက်နေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ...