ရွှေကုက္ကိုလ်ကျေးရွာတွင် ကာလဝမ်းရောဂါပိုးတွေ့ရှိရပြီး လူနာတစ်ဦးသေဆုံးခဲ့ဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်
ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ ရွှေကုက္ကိုလ်ကျေးရွာမှာဖြစ်ပွားတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုတွေမှာ ကာလဝမ်းရောဂါပိုးတွေ့ရှိရပြီး ဒီဇင်ဘာ၁၉ရက်က လူနာတစ်ယောက်သေဆုံးခဲ့တယ်လို ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ရွှေကုက္ကိုလ်ကျေးရွာက သီတဂူချစ်သူဆေးရုံမှာ ဒီဇင်ဘာ၁၇ရက်ကနေ ၂၃ရက်အထိ ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာတွေနဲ့ ဆေးရုံတက်ရောက်ကုသမှုခံယူသူ စုစုပေါင်းလူနာ ၁၀၄ယောက်ရှိခဲ့ပြီး ဒီဇင်ဘာ၂၃ရက်မှာ တက်ရောက်ဆဲလူနာ ၁၉ယောက်ရှိတယ်လိုဆိုပါတယ်။ဒီဇင်ဘာ၁၉ရက်က ...