ရွေးကောက်ပွဲကျင်းပရေး မပြောင်းလဲသည့် ရည်မှန်းချက်ဖြစ်
ရွေးကောက်ပွဲကျင်းပရေးဟာ အစိုးရရဲ့ဘယ်အခါမှမပြောင်းလဲတဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။ ဇူလိုင် ၃၁ ရက်က ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။ ရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုတွေဆောင်ရွက်နေပြီဖြစ်သလို ချမှတ်ထားတဲ့ ရည်မှန်းချက်အတိုင်း အောင်မြင်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး ...