ရော်ဘာအထွက်နှုန်း ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိ
ရာဂီမုန်တိုင်းကြောင့် အစေးထုတ်လုပ်တာနောက်ကျတာ၊ လုပ်သားရှားပါးတာ၊ ရော်ဘာစိုက်ခင်းတွေမှာ ရောဂါပိုး ကျရောက်တာနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရော်ဘာအထွက်နှုန်း ၂၅ ရာခိုင်နှုန်း လောက်ကျ ဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ အတွင်းရေးမှူး ဦးခိုင်မြင့်က ခန့်မှန်းထားပါတယ်။ အခုနှစ် ရော်ဘာအစေးခြစ် ရာသီမှာ တနင်္သာရီ၊ ...