ရော်နယ်ဒိုအတွက် ဖလားရချင်ဟု နူနိုမန်ဒက်စ်ပြော
ပေါ်တူဂီအသင်းရဲ့နောက်ခံလူ နူနိုမန်ဒက်စ်က ယူရို(၂၀၂၄)ပြိုင်ပွဲမှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုအတွက် ဖလားယူပေးချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုပြိုင်ပွဲက ရော်နယ်ဒိုရဲ့ နောက်ဆုံးယူရိုပြိုင်ပွဲဖြစ်တာကြောင့် နူနိုမန်ဒက်စ်က ပေါ်တူဂီအသင်းနဲ့အတူ ယူရိုဖလားရတာကို မြင်ချင်နေခဲ့တာပါ။ ရော်နယ်ဒိုက စလိုဗေးနီးယား အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက်အရေးပါတဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာကြောင့် ...