ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေ ကျပ်ဘီလီယံ ၅၀ ကျော်ရရှိ
ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက်လှူဒါန်းငွေမှာ ကျပ်ဘီလီယံ ၅၀ ကျော်ရှိပြီဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။ အောက်တိုဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမမှာကျင်းပတဲ့ ရေဘေးသင့်ဒေသတွေမှာကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် စေတနာရှင်၊အလှူရှင်တွေက တတိယအကြိမ် ပေးအပ်လှူဒါန်းပွဲမှာပြောကြားခဲ့တာပါ။ ရေဘေးသင့်ဒေသတွေမှာကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ...