ရေဘေးသင့် တစ်သိန်းကျော်အတွက် WFP ကူညီထောက်ပံ့
မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနဲ့ပြည်နယ်ငါးခုက ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတဲ့ ရေဘေးသင့်ပြည်သူ တစ်သိန်းကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ စတင်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ထုတ်ပြန်ကြေညာပါတယ်။ ဇွန်လနှောင်းပိုင်းကစတင်ပြီး မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့လို့ မြန်မာနိုင်ငံမှာ လူပေါင်း နှစ်သိန်းကျော် ထိခိုက်ခဲ့ပြီး အများအပြားမှာ ယာယီအိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ...