ရေဘေးသင့်ဒေသများ၌ တိုက်နယ်ဆေးရုံ ဆောက်လုပ်လှူဒါန်းမည်
အလိုတော်ပြည့်ဆရာတော်ဘုရားကြီးကိုဦးထိပ်ထားပြီး ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော်အသျှင်ကုမာရ ဦးဆောင်ပြီး အလှူရှင်တွေနဲ့အနုပညာရှင်တွေရဲ့ ပူးပေါင်းလှူဒါန်းမှုနဲ့ ရေဘေးသင့်ဒေသတွေမှာ တိုက်နယ်ဆေးရုံ ဆောက်လုပ်လှူဒါန်းသွားမယ်လို့ ဆရာတော်အသျှင်ကုမာရရဲ့မိန့်ကြားချက်အရသိရပါတယ်။ လက်ရှိမှာတော့ ရန်ကုန်အလိုတော်ပြည့် ကျောင်းတိုက်ဆရာတော် အသျှင်ကုမာရဦးဆောင်ပြီး အလှူရှင်တွေ၊ သရုပ်ဆောင် ကျော်ရဲအောင်၊ မျိုးစန္ဒီကျော်၊ ဇာတ်ညွှန်းအောင်ကြီးတို့က ကနဦးအလှူငွေကျပ်သိန်း(၁,၀၀၀) မတည်လှူဒါန်းထားပါတယ်။ ...