ရေဘေးသင့်ကျောင်းများ အောက်တိုဘာ၌ ပြန်ဖွင့်ရန် စီစဉ်
နေပြည်တော် ပြည်ထောင်စုနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ရေဘေးသင့်ကျောင်းတွေကို အမြန်ဆုံးပြင်ဆင်ထူထောင်ပြီး လာမယ့်အောက်တိုဘာလမှာပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြရမယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေကပြောပါတယ်။ စက်တင်ဘာလ(၂၃)ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃) အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ရေဘေးသင့်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ...