ရေဘေးရှောင်သူ ၄ သိန်းခန့်ရှိဟုဆို
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုတွေကြောင့် နောက်ဆုံးကောက်ယူရရှိထားတဲ့စာရင်းတွေအရ ရေဘေးရှောင်သူ ၄ သိန်းနီးပါးလောက်ရှိတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။ စက်တင်ဘာ ၁၇ ရက်က ပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ နောက်ဆုံးကောက်ယူရရှိထားတဲ့စာရင်းတွေအရ အခုဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုအနေနဲ့ နေပြည်တော်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ...