ရေများစုပ်ထုတ်နိုင်၍ ရေဘေးရှောင်များ နေရပ်ပြန်နိုင်
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၊ ဘူတာမြောက်ရပ်ကွက်က ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တဲ့နေရာမှာ တင်ရှိနေတဲ့ရေတွေကို ရေစုပ်စက်တွေနဲ့စုပ်ထုတ်ပေးနိုင်ခဲ့တဲ့အတွက် ရက်ပေါင်း(၄၀)ကြာ ရေဘေးကြောင့်နေရပ်စွန့်ခွာသူတွေ နေရပ်ကိုပြန်လည်နေထိုင်လို့ရနေပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ရေဘေးရှောင်ပြည်သူတွေကို နေအိမ်မှာအဆင်ပြေစွာပြန်လည်နေထိုင်လို့ရအောင် ပြင်ဦးလွင်မြို့၊ တောင်ပုလတောင်တော်မှတောင်ပုလဆရာတော် အရှင်ပညာဘောဂက ဦးဆောင်မတည်ပြီး အလှူရှင်တွေရဲ့ပူးပေါင်းအားနဲ့ ရေစုပ်စက်တွေနဲ့ လူအင်အားတွေအသုံးပြုပြီး တင်ရှိရေတွေကို ...