ရေဘေးကြောင့် သေဆုံးသူ ၂၉၃ ဦး ရှိလာ
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၁၉ ရက် မနက် ၇ နာရီအထိ စာရင်းတွေအရပြည်သူ ၂၉၃ ယောက်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၈၉ ယောက်ရှိတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့တဲ့မြို့နယ် ၅၃ မြို့နယ်ရဲ့ရေဘေးသင့်အခြေအနေတွေကို ...