နိုင်ငံတစ်ဝန်းရေကြီးမှုကယ်ဆယ်ရေးအမြန်ရရှိအောင် ဆောင်ရွက်နေ
နိုင်ငံတစ်ဝန်း ရေဘေးဒဏ်သင့်ဒေသတွေအတွင်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးရရှိအောင် နစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့ မြို့နယ်ပေါင်း ၃၄ မြို့နယ်မှာရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့အိမ်ထောင်စု ...