ရေနစ်မြုပ်ဒေသများ ကုန်ဈေးနှုန်းမကြီးရေး စစ်ဆေးရန်လို
ပဲခူးတိုင်းအတွင်းက ရေကြီးနစ်မြုပ်တဲ့ဒေသတွေမှာ အခြေခံစားသုံးကုန်တွေ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ဖွဲ့စည်းထားပြီးဖြစ်တဲ့ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့တွေက အနီးကပ်ကြီးကြပ် စစ်ဆေးတာတွေ ဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောပါတယ်။ ဇူလိုင်လ(၃၁)ရက်၊ မနက်ပိုင်းက သဘာဝကွပ်ကဲမှုရုံးမှာ တိုင်းဒေသကြီး သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ ရေကြီးမှုဖြစ်စဉ်ကြောင့် ...