ရုရှားစစ်သင်္ဘော ဗင်နီဇွဲလားသို့ ရောက်ရှိလာ
ရုရှားနိုင်ငံရဲ့ ဘောလ်တစ် ရေတပ်အုပ်စုက စစ်သင်္ဘောတစ်စင်းဟာ ဗင်နီဇွဲလားနိုင်ငံ လာဂိုင်ရာ ဆိပ်ကမ်းမြို့ကို အင်္ဂါနေ့က ဆိုက်ကပ်လာတယ်လို့ ဗင်နီဇွဲလားအခြေစိုက် ရုရှားသံရုံးကနေ ထုတ်ပြန်ပါတယ်။ အဲဒီစစ်သင်္ဘောဟာ ရုရှားနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေကို အားပေးမြှင့်တင်ဖို့ ရှေ့ပြေးအဖြစ် ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။ ...