ဘီလူးချောင်းဓာတ်အားပေးစက်ရုံ ပြန်လည်ပတ်ရန် ဆောင်ရွက်
ကယားပြည်နယ်၊ လောပိတမြို့ရှိ ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အမြန်ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်နေတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ကနေသိရပါတယ်။ ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံထဲကို စက်တင်ဘာလ(၃၀)ရက်နေ့က ရေစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ(၆)ရက်နေ့မှာ အရင်ကထက် ၆ လက်မခန့်လောက်ကျဆင်းခဲ့ကာ ရေထပ်မံကျဆင်းစေဖို့နဲ့ စက်ရုံအမြန်ပြန်လည်လည်ပတ်နိုင်ဖို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ လက်တလောမှာတော့ စက်ရုံအတွင်း ရေဝင်ရောက်မှုကာကွယ်ထားရှိမှုတွေ၊ ...