ရွှေဘောလုံးဆု ဆန်ခါတင်၌ မပါ၍ ရိုဒရီဂို စိတ်ပျက်
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ရိုဒရီဂိုဟာ (၂၀၂၄)ခုနှစ်အတွက် ရွှေဘောလုံးဆု ဆန်ခါတင် အယောက်(၃၀)စာရင်းမှာ မပါဝင်ခဲ့တဲ့အတွက် စိတ်ပျက်မိတယ်လို့ စက်တင်ဘာလ(၈)ရက်နေ့က ပြောပါတယ်။ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ရွှေဘောလုံးဆု ဆန်ခါတင် စာရင်းမှာ မပါခဲ့တာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာပါ။ ...