ရန်ကုန်-သာစည်ရထားခရီးစဉ် ပြန်လည်ပြေးဆွဲ
ရထားလမ်းရေကြီးရေလျှံမှုတွေကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန်နဲ့သာစည်အကြား အဆန်ရထားလမ်းပိုင်းပြန်လည်ပြုပြင်ပြီးတဲ့ဖြစ်တဲ့အတွက် လူစီးရထားနဲ့ကုန်ရထားတွေကို စက်တင်ဘာ(၂၀)ရက်ကစတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။ တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းမကြီးရဲ့ အချို့ရထားလမ်းတာပေါင်နေရာတွေနဲ့တံတားတွေ ရေတိုက်စားပြီး ပျက်စီးခဲ့တဲ့အတွက် စက်တင်ဘာလ(၁၃)ရက်နေ့ကစတင်ကာ ယာယီရပ်ဆိုင်းထားခဲ့ရာကနေ အခုပြန်လည်ပြေးဆွဲပေးတာဖြစ်ပါတယ်။ ...