ရန်ကုန်-မန္တလေး ရထားခရီးစဉ် ပြန်လည်ပြေးဆွဲ
သဘာဝဘေးကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး လူစီးအမြန်ရထားတွေနဲ့ စာပို့ရထားခရီးစဉ်တွေကို အောက်တိုဘာလ(၃)ရက်ကစတင်ပြီး ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရန်ကုန်-မန္တလေးရထားလမ်းမကြီးရဲ့ အချို့ရထားလမ်း တာပေါင်နေရာတွေနဲ့ တံတားတွေ ရေတိုက်စားပြီး ပျက်စီးခဲ့တာကြောင့် ...